About MPT

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

          မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုတည်းမှ ၀န်ဆောင်မှူ ပေးလျက်ရှိရာမှ ပြောင်းလဲလာသော ပတ်ဝန်းကျင် ၊ ပြောင်းလဲလာသော ဈေးကွက် ၊ ပြောင်းလဲလာသည့် နည်းပညာ နှင့် ပြည်သူလူထု၏ နှစ်သက်မှူတို့အရ အခြားအဖွဲ့ ၊ အဖွဲ့အစည်းများမှပါဝင်လာပြီး ယှဉ်ပြိုင် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ၊ ၂၀၁၅ ခုနှစ် ၊  မတ်လ (၃၁)ရက်နေ့အထိ အရာထမ်း (၅၀၃) ဦးနှင့် အမှုထမ်း (၁၄၇၅၆) ဦး ၊ စုစုပေါင်းရာထူး (၁၅၂၅၉) ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှူသည် အခြားကျန်ရှိနေသည့် စီးပွားရေးကဏ္ဍ ၊ ပညာရေးကဏ္ဍ ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ စသည်တို့၏ ဖွံ့ဖြိုးတိုးတက်မှူကို အထောက်အကူပြုနိုင်ပါသဖြင့် ပြည်သူ့ဗဟိုပြု ဆက်သွယ်ရေး ၀န်ဆောင်မှုကဏ္ဍသို့ ပြောင်းလဲဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးဦးတည်ချက်များနှင့်အညီ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေပြီး ပြည်သူ လူထု၏ နှစ်သက်မှုအရ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်းများကို သုံးစွဲသူ ပြည်သူများထံသို့ အမြန်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးဖြင့် လုံခြုံချောမွေ့စွာ ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ မူလ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံအား သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်း ဟူ၍ ဦးစီးဌာန (၁) ခု၊ လုပ်ငန်းဌာန (၂) ခု ဖြင့် ပြောင်းလဲပြင်ဆင် ရေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)အရ (၁-၄-၂၀၁၅)ရက်နေ့ မှစ၍ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံသည် (၁-၄-၂၀၁၅) ရက်နေ့မှစ၍ အရာထမ်း (၅၀၀)ဦး နေရာ၊ အမှုထမ်း (၈၀၅၆)ဦး နေရာ ၊ စုစုပေါင်း (၈၅၅၆)ဦး နေရာဖြင့် ဖွဲ့စည်းထားပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်အောက်ရှိဌာနများ

          မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံတွင် ဌာနကြီး (၄)ခုနှင့် နေပြည်တော်ကောင်စီ အပါအ၀င် ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများ ဟူ၍ ပါဝင်ဖွဲ့စည်းထားပါသည်။

၁။       ဌာနကြီးများ

          (က)    စီမံရေးရာနှင့်ဥပဒေရေးရာဌာနကြီး

          (ခ)     ဘဏ္ဍာရေးဌာနကြီး

          (ဂ)     စီးပွားရေးဌာနကြီး

          (ဃ)    နည်းပညာဌာနကြီး

၂။       နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်/တိုင်းဒေသကြီး (၁၇)ခု

          (က)    နေပြည်တော်ကောင်စီနယ်မြေ

          (ခ)     ကချင်ပြည်နယ်

          (ဂ)     ကယားပြည်နယ်

          (ဃ)    ကရင်ပြည်နယ်

          (င)     ချင်းပြည်နယ်

          (စ)     မွန်ပြည်နယ်

          (ဆ)    ရခိုင်ပြည်နယ်

          (ဇ)     ရှမ်းပြည်နယ် (အရှေ့ပိုင်း)

          (ဈ)     ရှမ်းပြည်နယ် (တောင်ပိုင်း)

          (ည)    ရှမ်းပြည်နယ် (မြောက်ပိုင်း)

          (ဋ)     စစ်ကိုင်းတိုင်းဒေသကြီး

          (ဌ)     တနသာင်္ရီတိုင်းဒေသကြီး

          (ဍ)     ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)

          (ဎ)     ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)

          (ဏ)   မကွေးတိုင်းဒေသကြီး

          (တ)    မန္တလေးတိုင်းဒေသကြီး

          (ထ)    ရန်ကုန်တိုင်းဒေသကြီး

          (ဒ)     ဧရာဝတီတိုင်းဒေသကြီး

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များ

(က)    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဓိကလုပ်ငန်းကြီးဖြစ်သော တယ်လီဖုန်းလုပ်ငန်းများကို စီ မံကိန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(ခ)     နိုင်ငံတော်မှချမှတ်ထားသော နှစ်တို ၊ နှစ်ရှည် စီးပွားရေးမူဝါဒများနှင့် ဆက်သွယ်ရေးဖွံ့ဖြိုးမှု စီ မံကိန်းများရေးဆွဲခြင်း

(ဂ)     နိုင်ငံခြားအကူအညီရယူမည့် စီမံကိန်းလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(ဃ)    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုနေသော စက်ကိရိယာများကို ခေတ်နှင့် လျော် ညီစွာ တိုးချဲ့ပြုပြင်ပြောင်းလဲ တပ်ဆင်ခြင်းတို့အတွက် အမြဲတစေ စူးစမ်းလေ့လာ၍ စီစဉ် ဆောင်ရွက်ခြင်း

(င)     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာပြန့်ပွားရေးအတွက် စာအုပ်စာတမ်း များ ပြုစုခြင်း၊ သင်တန်းများ ပို့ချခြင်း၊ စက်မှုဆိုင်ရာ စာအုပ်စာတမ်းများ စုဆောင်း၍ စာကြည့် တိုက် ဖွင့်လှစ်ခြင်း

(စ)     ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကျွမ်းကျင်မှု ပိုမိုပြည့်ဝလာစေရေးအတွက် လေ့ကျင့် ပညာပေးခြင်း

(ဆ)    ဆက်သွယ်ရေးဆိုင်ရာ နည်းပညာသစ်များနှင့် ခေတ်နှင့်လျော်ညီစွာ အသုံးပြုနေသော ဆက်သွယ်ရေးပစ္စည်း အသစ်အဆန်းများအား ကိုင်တွယ်အသုံးပြုရာတွင် ကျွမ်းကျင်မှု ရှိစေရန် ပြည်ပနိုင်ငံများသို့ စေလွှတ်လေ့လာခြင်း၊ ကျွမ်းကျင်မှုအတတ်ပညာရှင်များ လဲလှယ်ခြင်း၊ အတွေ့အကြုံများ နှီးနှောဖလှယ်ရေးကိစ္စများ ဆောင်ရွက်ခြင်း

(ဇ)     စီမံကိန်းများနှင့်ပတ်သက်၍ တယ်လီဖုန်းလုပ်ငန်းများနှင့် ပတ်သက်သော ကိန်းဂဏန်းများကို တွက်ချက်ဖော်ထုတ်ခြင်း

(ဈ)     ၀န်ထမ်းရေးရာကိစ္စများကို မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေများ၊ ဌာနဆိုင်ရာလက်စွဲ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ ပြေပြစ်ချောမွေ့စေရန် စီမံကွပ်ကဲဆောင်ရွက်ခြင်း

(ည)    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံနှင့်အညီ ၀န်ထမ်းအင်အားစာရင်း ပြုစုထားရှိခြင်း၊ ၀န်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(ဋ)     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သာမန်နှင့် ငွေလုံးငွေရင်း၊ ရသုံးမှန်းခြေ ငွေစာရင်းများကို ရေးဆွဲခြင်း၊ အတည်ပြုချက် ရယူခြင်း၊ ခွဲဝေပေးခြင်း

(ဌ)     ဘဏ္ဍာရေးဝန်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သော ဥပဒေ၊ နည်းဥပဒေစည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို ဌာနကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီးရုံးများ လိုက်နာ စေရန် ထုတ်ပြန်ခြင်း

(ဍ)     ပြည်သူလူထုသို့ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီပြီး ယှဉ်ပြိုင်မှုရှိသော ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းအဖြစ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရရှိ အောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်း

(ဎ)     ကျေးလက်နေပြည်သူများအထိ မိုဘိုင်းတယ်လီဖုန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်အောင် ပြည်သူများထံသို့ တပ်ဆင်ပေးသွားရန် ဆောင် ရွက်ခြင်း

(ဏ)   3G မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုနိုင်စေမည့်အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များ ဖြစ်သည့် ICT Eco System များဖြစ်သော ( ဥပမာ- e-Government, e-Visa, e-Procurement, e-License, e-Payment, Online Billing System etc.,) တို့ကိုလည်း အသုံး ပြုနိုင်ရန် ဆောင်ရွက်ခြင်း

(တ)    မြို့ပြနှင့်ကျေးလက် တယ်လီဖုန်းသိပ်သည်းဆ (Density)အား အချိုးညီညီ တစ်ပြိုင်နက် တိုး တက်စေရန် မျှော်မှန်း၍ Operator များ၏ လုပ်ငန်းဝင်ငွေမှ အချိုးတစ်ခုဖြင့် Universal Service Obligation (USO) ရန်ပုံငွေ ထူထောင်ပြီး ကျေးလက်ဒေသ တယ်လီဖုန်း သိပ်သည်း ဆနှင့် ၀န်ဆောင်မှုလုပ်ငန်းများ အချိုးညီစွာ တိုးတက်လာစေရန်ဆောင်ရွက်ခြင်း

TV News

Date: Jun 06 Place: နေပြည်တော်

 

Services Information