About ITCSD

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၅) ရက်နေ့ တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၂ /၂၀၁၅ ) အရ ဆက်သွယ်ရေး နှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ၏ အမိန့်ကြော်ညာစာ အမှတ် (၉/၂၀၁၅) ဖြင့် သတင်း အချက်အလက် နည်းပညာ နှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ ပါသည်။

သတင်း အချက်အလက် နည်းပညာ နှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်ထား သည့် e-Government လုပ်ငန်းစဉ်များ အား အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ် အသစ်များ အား လေ့လာ ၍ စီမံကိန်း အသစ်များ ရေးဆွဲ အကောင်အထည် ဖေါ်ဆောင်ရေး၊ သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) စံနှုန်းများ သတ်မှတ် နိုင်ရေး၊ လိုအပ်သည့် ဥပဒေ များ ပြဌာန်းနိုင်ရေး၊ ပြဌာန်းထားသည့် ဥပဒေ နှင့် အညီ သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာ နှင့် ဆိုက်ဘာ လုံခြုံရေး လုပ်ငန်း များ စနစ်တကျ ကြီးကြပ် ၍ အကောင်အထည် ဖေါ် ဆောင်ရွက် နိုင်ရေး နှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာ အချင်းချင်း တို့အား ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ရေး တို့ အတွက် ရည်ရွယ်၍ အောက်ဖေါ်ပြပါ ဌာနခွဲ (၆)ခု ဖြင့် တည်ထောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

၁။ စီမံ/ဘဏ္ဍာ/ထောက်ပံ့ရေးဌာန

၂။ e-Government ဌာန

၃။ ဥပဒေ/နိုင်ငံတကာ/ပြန်ကြားရေးဌာန

၎။ National Cyber Security Center

၅။ ဂြိုဟ်တုဆက်သွယ်ရေးဌာန

၆။ သင်တန်းကျောင်း

TV News

Date: Jun 06 Place: နေပြည်တော်

 

Services Information