Published: Jan 10 Posted Under: PTD News Place: နေပြည်တော်

ရိဒ်-မင်းတပ် 1.5 Gigabit Microwave ဆက်ကြောင်း စီမံကိန်း စာချုပ်ချုပ်ဆို

click to enlarge

အိန္ဒိယနိုင်ငံ ချေးငွေ အမရိကန်ဒေါ်လာ (၆.၂)သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ချင်းပြည်နယ် မြောက်ပိုင်း မှ တောင်ပိုင်းသို့ ဆက်သွယ်ပေးမည့် ရိဒ်-မင်းတပ် 1.5 Gigabit မိုက္ကရိုဝေ့ဗ်ဆက်ကြောင်း တည်ဆောက်ခြင်း စီမံကိန်းအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နှင့်‌ အိန္ဒိယ ဆက်သွယ်ရေး အတိုင်ပင်ခံကုမ္ပဏီလီမိတက် (Telecommunications Consultants India Ltd − TCIL) တို့ အကြား လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနား အား ၁၀-၁-၂၀၁၇ ရက်နေ့ နံနက် (၁၁း၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးခင်မောင်ထွန်း နှင့်‌ အိန္ဒိယ ဆက်သွယ်ရေး အတိုင်ပင်ခံ ကုမ္ပဏီလီမိတက် (TCIL)မှ  Chairman and Managing Director၊ Mr. AJAI KUMAR GUPTA တို့ က စီမံကိန်းနှင့်‌ ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ကြပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး နှင့်‌ အိန္ဒိယဆက်သွယ်ရေး အတိုင်ပင်ခံ ကုမ္ပဏီလီမိတက် (TCIL) မှ Chairman and Managing Director တို့မှ လုပ်ငန်းအပ်နှံစာချုပ်ကို လက်မှတ်ရေးထိုးကာ စာချုပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြပါသည်။
အခမ်းအနား သို့ ပို့ဆောင်ရေးနှင့်‌ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးခင်မောင်သက်နှင့်‌ ဝန်ကြီးဌာနနှင့်‌ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာန၊ လုပ်ငန်းများမှ ဌာနအကြီးအကဲများ နှင့်‌ တာဝန်ရှိသူများ၊ အိန္ဒိယဆက်သွယ်ရေး အတိုင်ပင်ခံကုမ္ပဏီလီမိတက် (TCIL)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

PREVIOUS POST   -   NEXT POST