Published: Dec 09 Posted Under: PTD News Place: နေပြည်တော်

မြန်မာ့စာတိုက်လုပ်ငန်း၏ သင်တန်းဖွင့်လှစ်

click to enlarge

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း သုံးစွဲသူ ပြည်သူများအား ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ပေးရာတွင် ထိရောက်စေရန် နှင့် အရည်အသွေး ပြည့်ဝသော ၀န်ထမ်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာတိုက်မှူး နှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအား မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း သင်တန်းခန်းမ၌ (၅.၁၂.၂၀၁၆) ရက်နေ့ နံနက် (၀၈း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မြန်မာ့စာတိုက်လုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသားဦးရေ (၄၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၄)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

PREVIOUS POST   -   NEXT POST

Latest News