Policy and Guide Lines

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမျိုးသားဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းအရ(၂၀၁၁-၂၀၁၂မှ၂၀၁၅-၂၀၁၆)အတွင်း မူဝါဒ၊ရည်မှန်းချက် နှင့်လုပ်ငန်းစဉ်များ

မူဝါဒ

(၁) လက်ရှိကျင့်သုံးနေသော စာတိုက်၊ကြေးနန်း၊ တယ်လီဖုန်းဆိုင်ရာ ဆက်သွယ်ရေးဥပေဒ၊ နည်းဥပဒေ များကို ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင်ရေးဆွဲခြင်း အတည်ပြုခြင်းများ ဆောင်ရွက်ပါမည်။

(၂) စာတိုက်ကြေးနန်းတယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတည်ဆောက်မှုလုပ်ငန်းများကို ပြည်တွင်း/ပြည်ပ ကုမ္ပဏီများအား Public, Private ,Partnership(PPP)ပုံစံဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခွင့် ပြုမည်ဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကကဏ္ဍ ဆောင်ရွက်မှုနှင့်ရင်းနှီး မြှုပ်နှံမှုကိုတိုးမြှင့်ပါဝင်စေမည်ဖြစ်ပါသည်။

(၃) နိုင်ငံတကာစံချိန်စံညွှန်များနှင့် ကိုက်ညီပြီးရွေးချယ်အသုံးပြုနိုင်သည့် ယှဉ်ပြိုင်မှုရှိသော ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းအဖြစ် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများရရှိရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားပါမည်။

(၄) နိုင်ငံတကာအတွေ့အကြုံရှိပြီး လက်ရှိဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော ပြည်တွင်း/ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးများ ပါဝင်ဆောင်ရွက်ရန် နိုင်ငံတကာTelecom Tenderခေါ်ယူရွေးချယ်၍ အပြိုင်Operator များဖြင့် ပြည်သူများ စိတ်ကြိုက်ရွေးချယ်သုံးစွဲနိုင်မည့် နည်းလမ်းများကိုရှာဖွေဆောင်ရွက်သွား ပါမည်။

(၅) မိုဘိုင်းတယ်လီဖုန်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြည်သူများသို့အဆင့်ဆင့်ဈေးနှုန်း လျော့နည်းတပ်ဆင်ပေးနိုင်ရန်နှင့် ကျေးလက်နေပြည်သူများအထိ မိုဘိုင်းတယ်လီဖုန်းများ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍လည်းကောင်း၊ အစိုးရ/ပုဂ္ဂလိက ဖက်စပ်ကုမ္ပဏီထူထောင်၍လည်းကောင်း ၀န်ဆောင်မှုအရည် အသွေးကိုတိုးမြှင့်သွားပါမည်။

(၆) ပြည်တွင်း/ပြည်ပ စာပို့တိုက်လုပ်ငန်းများကို သတင်းအချက်အလက်နည်းပညာဖြင့်လည်းကောင်း၊ ခေတ်မီစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ပြည်တွင်းစာပို့တိုက်လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ လည်းကောင်း၊ အစိုးရ/ပုဂ္ဂလိက ဖက်စပ်ကုမ္ပဏီထူထောင်၍လည်းကောင်း ၀န်ဆောင်မှုအရည်အသွေးကို တိုးမြှင့်သွားပါမည်။

(၇) ဆက်သွယ်ရေးစက်ပစ္စည်းများ ထုတ်လုပ်မှုကဏ္ဍတွင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုကိုအချိုးအစားမျှတစွာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးသွားပါမည်။

(၈) ကြေးနန်းလုပ်ငန်းများကို သတင်းအချက်အလက်နှင့်နည်းပညာဖြင့်တွဲဖက်၍ ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများအတွက် အရန်ဆက်သွယ်ရေးစနစ်အဖြစ် ၀န်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်သွားပါမည်။

(၉) ကျွမ်းကျင်ဝန်ထမ်းများမွေးထုတ်ပေးနိုင်ရေးအတွက် ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်း ကျောင်းကို အဆင့်မြှင့်တင်ဆောင်ရွက်သွားပါမည်။
 

ရည်မှန်းချက်များ

(က) ကာလတိုရည်မှန်းချက်များ

(၁) ၂၀၁၂-၂၀၁၃ခုနှစ်တွင်နိုင်ငံတော်၏ တယ်လီဖုန်းDensity(၁၀)ရာခိုင်နှုန်းရရှိစေမှာဖြစ်ပြီး ၂၀၁၃-၂၀၁၄တွင်(၂၇)ရာခိုင်နှုန်း၊ ၂၀၁၄-၁၅တွင်(၅၀)ရာခိုင်နှုန်းနှင့် ၂၀၁၅-၁၆တွင် (၇၅-၈၀)ရာခိုင်နှုန်းအား ဆက်သွယ်ရေးနှင့် လုပ်ငန်းများကို အင်တာနက်ဝန်ဆောင်မှုစိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရေး ဆောင်ရွက် ပါမည်။

(၂) နိုင်ငံတော်နှင့်ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်သွယ်ရေးက ကဏ္ဍ၏ အသားတင်ဝန်ဆောင်မှုတန်ဘိုးကို စီမံကိန်း၏နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၅-၁၆ခုနှစ်တွင် အခြေခံနှစ် အပေါ်၂.၁၄ဆ ဖြစ်ပေါ်ရန်နှင့်တစ်နှစ်ပျမ်းမျှ ၁၆.၄%တိုးတက်ရန်ဆောင်ရွက်ပါမည်။

(၃) မြို့ပြတွင်သာမကကျေးလက်ဒေသအထိ တယ်လီဖုန်းတိုးချဲ့တပ်ဆင်သွားပြီး တယ်လီဖုန်းသိပ် သည်းဆကို(၇၅-၈၀%)အထိလည်းကောင်း၊ အင်တာနက်ထိုးဖောက်သုံးစွဲမှုကို(၅၀%) အထိလည်းကောင်း တိုးတက်သုံးစွဲနိုင်ရေး ဆောင်ရွက်ပါမည်။

(ခ) ကာလတိုပြောင်းလဲဆောင်ရွက်မည့်လုပ်ငန်းအဆင့်ဆင့်

(၁) ဆက်သွယ်ရေးနည်းဥပဒေများ ပြောင်းလဲခြင်း(Regulatory)။ နိုင်ငံတော်၏ ဆက်သွယ်ရေး ၀န်ဆောင်မှုကဏ္ဍမှ နိုင်ငံတော်သို့အခွန်အခများ ပြည့်ဝစွာရရှိရေးနှင့် ယှဉ်ပြိုင်ပါဝင်ဆောင်ရွက်မည့် ပြည်တွင်း/ပြည်ပကုမ္ပဏီများအား စနစ်တကျကြပ်မတ်ထိန်းသိမ်းနိုင်ရန်အတွက် ရေးဆွဲပြီးသော ဆက်သွယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသွားပါမည်။

(၂) ဥပဒေအတည်ပြုပြီးပါက နည်းဥပဒေများကို ဆက်လက်ရေးဆွဲပါမည်။ ဆက်သွယ်ရေးနည်းဥ ပဒေများကို အပြည်ပြည်ဆိုင်ရာဥပဒေ၊ စံချိန်စံနှုန်းများနှင့်အညီ အမြန်ရေးဆွဲဆောင်ရွက်ပါမည်။ ၄င်းနည်းဥပဒေ များတွင်အောက်ပါအချက်များ အဓိကပါဝင်ပါမည်-

(ကက)ဆက်သွယ်ရေးဝန်ဆောင်မှုတွင် ဈေးကွက်ယှဉ်ပြိုင်မှု(Competition)ဖြင့် ပါဝင်လာမည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများအတွက်ယုံကြည်မှုရှိစေမည့် နည်းဥပဒေအချက်အလက်များ

(ခခ) ဆက်သွယ်ရေးဝန်ဆောင်မှုအား ကျေးလက်၊မြို့ပြဒေသရှိ ပြည်သူများအရည်အသွေးနှင့် ဈေးနှုန်းကို ရွေးချယ်သုံးစွဲနိုင်ခွင့် ရရှိစေသည့်နည်းဥပဒေအချက်အလက်များ

(ဂဂ) နိုင်ငံတော်၏လေလှိုင်း Frequency ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများနှင့်အညီ အခွန် အခရရှိစေမည့်နည်းဥပဒေအချက်များ

(ဃဃ)Operator လိုင်စင်ခွန်ကဲ့သို့ နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများနည်းဥပဒေအချက် များ (ဥပမာ - 2G, 2.75G,3G,4G,5G)။

(ငင) Numbering စနစ်ဆိုင်ရာ အခွန်ရရှိစေမည့် နည်းဥပဒေအချက်များ။

(စစ) အခြားအပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးသော နည်းဥပဒေဆိုင်ရာအချက်များမှ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် နည်းဥပဒေအချက်များ၊

(ဆဆ)စာချုပ်ဖောက်ဖျက်ခြင်း၊ သတ်မှတ်ချိန်ပြီးစီးမှုမရှိခြင်း၊ အခွန်ဆောင်မှုမရှိခြင်းများအတွက် ဆောင်ရွက်နိုင်မည့်နည်းဥပဒေဆိုင်ရာအချက်များ၊

(ဇဇ) နိုင်ငံတော်လုံခြုံရေးနှင့်နိုင်ငံတော်၏ ဆက်သွယ်ရေးကွန်ယက်လုံခြုံမှုကို ကာကွယ်ပေးနိုင်မည့် နည်းဥပဒေဆိုင်ရာအချက်များ၊

(စ်စ်) အခြားလိုအပ်သော နည်းဥပဒေဆိုင်ရာအချက်များ၊

(၃) ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့် (Process)။ ဤ၀န်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးဥပဒေနှင့် နည်းဥပဒေများကို ပြုပြင်ရေးဆွဲနေချိန်တွင်ပင် တစ်ပြိုင်တည်းကာလတိုရည်မှန်းချက်(၂၀၁၂-၁၃)မှ(၂၀၁၅-၁၆) ပြည့်မီရေးအတွက် အောက်ပါလုပ်ငန်းစဉ်အဆင့်ဆင့် Process အတိုင်း ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ် ပါသည်။

(ကက)၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပါဝင်ရင်းနှီးမြှုပ်နှံမှုဖြင့် GSM/UMTS(3G) မိုဘိုင်းတယ်လီဖုန်း တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

(ခခ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ကုမ္ပဏီတို့နှင့် လုပ်ငန်းယှဉ်ပြိုင်ဆောင် ရွက်နိုင်ရန် Consultant Company ငှားရမ်းပြီး အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူ၍ Separate Operator Co.(၁)ခု သို့မဟုတ်(၂)ခုရွေးချယ်နိုင်ရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြသွားပါမည်။

(ဂဂ) ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားအထောက်အပံ့/ ချေးငွေများရယူလျှက် GSM/UMTS (3G)နှင့် LTE(4G) မိုဘိုင်းတယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည့်အပြင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကို နိုင်ငံတော်ဘတ်ဂျတ်ငွေကို မှီခိုအသုံးမပြုသည့် နိုင်ငံတော်အစုရှယ်ယာများပါဝင်သည့် အများပိုင်ကုမ္ပဏီ(Public Company) Myanmar Telecom Co., အဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရယူပြီး နိုင်ငံတော်ရန်ပုံငွေနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများမှ ချေးငွေနှင့်အထောက်အပံ့များ၊ နည်းပညာများရယူလျှက် လုပ်ငန်းဆောင်ရွက် မည်ဖြစ်ပါသည်။ ထို့အတူနိုင်ငံတော်မှ သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ၀န်ဆောင်မှုလုပ် ငန်းများကိုခွင့်ပြုထားသည့် ရတနာပုံတယ်လီ ပို့ကုမ္ပဏီလီမိတက်ကိုလည်း အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ Myanmar Public Telecom Co., Yatanarpon Teleport Co., တို့နှင့်အပြိုင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရွေးချယ်ပေးသော Separate Operator Co( ၁) ခုသို့မဟုတ်(၂)ခုအား ဥပဒေ၊နည်းဥပဒေနှင့်အညီ ၀န်ဆောင်မှုကိုယှဉ်ပြိုင်လုပ်ကိုင် ဆောင်ရွက်စေမည်ဖြစ်ပါသည်။

(ဃဃ)၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းတယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်းအား အထက်ပါ ကုမ္ပဏီများသည် ၀န်ဆောင်မှုနှင့် အရည်အသွေးကိုယှဉ်ပြိုင်လုပ်ကိုင်(Competiton)ပြုလုပ်၍ နိုင်ငံတော်၏ တယ်လီဖုန်း Density ၅၀%အထိ တိုးတက်ရရှိရန် ဆောင်ရွက်ပါမည်။

(ငင) ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အထက်ပါကုမ္ပဏီများဖြင့် ခေတ်မှီ မိုဘိုင်းဆက်သွယ်ရေး ကွန်ယက် ကျယ်ပြန့်စွာဖြန့်ကျက်ပြီး နိုင်ငံတကာဈေးနှုန်းများအတိုင်း အရည်အသွေးပြည့်မှီသော ဆက်သွယ် ရေးဝန်ဆောင်မှုများကို ပြည်သူများသို့တယ်လီဖုန်းများကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ် ရာနိုင်ငံတော်လူဦးရေ၏ ၇၅-၈၀% သုံးစွဲနိုင်သော အဆင့်သို့ရောက်ရှိအောင် ဆောင်ရွက်ပါမည်။

TV News

Date: Jun 06 Place: နေပြည်တော်

 

Services Information