About PTD

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

နောက်ခံသမိုင်းအကျဉ်း
၁။                ၁၉၆၀ ပြည့်နှစ်မတိုင်မီက စာတိုက်ဌာနနှင့်ကြေးနန်းဌာနဟူ၍ဌာန(၂)ခုခွဲပြီး သီးခြားစီ လုပ်ငန်းဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၆၀ပြည့်နှစ်၊ ဇန်န၀ါရီလ (၂၅) ရက်နေ့မှစပြီး စာတိုက်နှင့် ကြေးနန်းဌာနအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေမှစ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ဆက်သွယ်ရေးကော်ပိုရေးရှင်း (ယခုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း)ဟူ၍အဖွဲ့အစည်းနှစ်ခုဖွဲ့စည်းခဲ့ပါသည်။ 

၂။                ယခုအခါတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာနအောက်တွင်ပါဝင်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ဖွဲ့စည်းပုံ
၃။                ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် အရာထမ်း (၉) ဦး ၊ အမှုထမ်း(၄၀)ဦး ၊ စုစုပေါင်း (၄၉) ဦး ပါဝင်သော အဆင့်(၃) ဦးစီးဌာနဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

၎။                ၁၉၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကျင်းပသည့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၉၉) မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၆၁)ဦး ၊စုစုပေါင်း (၇၇) ဦး ပါဝင်သော အဆင့်(၂) ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၅။                ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၃/၂၀၁၃ ) မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အရာထမ်း (၁၉၆) ဦး၊ အမှုထမ်း ( ၆၂၃ ) ဦး ၊ စုစုပေါင်းဝန်ထမ်း (၈၁၉)ဦး ဖြင့် အဆင့်(၁)ဦးစီးဌာနအဖြစ်သို့ တိုးမြှင့်ပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

၆။                ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၂ /၂၀၁၅ ) မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အရာထမ်း (၁၆၃) ဦး၊အမှုထမ်း (၅၆၆) ဦး ၊ စုစုပေါင်းဝန်ထမ်း (၇၂၉)ဦးဖြင့် အဆင့်(၁) ဦးစီးဌာနအဖြစ်သို့ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

 

၇။                ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိဖွဲ့စည်းပုံကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါ၇ီလ (၁၅) ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။


တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ
၈။                ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆောင်ရွက်ရသော အဓိက လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

                   (က)   စာပို့တိုက်လုပ်ငန်း၊တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း၊ရေဒီယိုဆက်သွယ်ရေး လုပ်ငန်း တို့ကို ဥပဒေဖြင့်ကြီးကြပ်ခြင်း။

(၁)     စာပို့တိုက်လုပ်ငန်းဆိုင်ရာ ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများ  ထုတ်ပြန်ခြင်း၊           ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာပို့တိုက် အဖွဲ့အစည်းများကသဘောတူရေးဆွဲထားသော စည်းမျဉ်း ဥပဒေများနှင့်အညီ ဆောင်ရွက်စေခြင်း၊

(၂)     တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ဥပဒေများဆက်သွယ် ရေးစက်ပစ္စည်းများဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန် ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေးအဖွဲ့အစည်းများကရေးဆွဲထားသော စည်းမျဉ်းဥပဒေ များနှင့်အညီ ဆောင်ရွက် စေခြင်း၊ကြီးကြပ်ခြင်းများပြုလုပ်ရန်၊

(၃)     ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ ထုတ်ပြန်ခြင်း ၊ ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ အပြည်ပြည်ဆိုင်ရာ ရေဒီယိုဆက်သွယ်ရေးအဖွဲ့အစည်းများနှင့်သဘောတူရေးဆွဲထားသော စည်းမျဉ်း ဥပဒေများနှင့်အညီဆောင်ရွက်စေခြင်း၊ကြီးကြပ်ခြင်း။

                   (ခ)     ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း။         ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည်နိုင်ငံတော်အတွင်းရှိကြေးနန်းဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စာပို့တိုက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြည်ပြည် ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ကြီးကြပ် ပေးသည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်အောက်ပါ ကမ္ဘာ့ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ညှိနှိုင်းခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ် ရပါသည်-

                             (၁)     အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)

                             (၂)     အာရှနှင့်ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအကျိုးတူအဖွဲ့ (APT)

                             (၃)     ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU)

                             (၄)     အာရှနှင့်ပစိဖိတ်စာပို့တိုက်အကျိုးတူအဖွဲ့ (APPU)

                             (၅)     အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)

(ဂ)     လိုင်စင်အမျိုးမျိုးအတွက် လိုင်စင်နှင့်အခွန်ကောက်ခံခြင်း။         ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန သည် နိုင်ငံတော် ဘဏ္ဍာငွေတိုးတက်ရရှိရန်အတွက်‌ဆက်သွယ် ရေး စက်ပစ္စည်းဆိုင်ရာ လိုင်စင် အမျိုးမျိုးထုတ်ပေးခြင်းနှင့် အခွန်အခ ကောက်ခံခြင်းကို ဥပဒေလုပ်ထုံး လုပ်နည်းများထုတ်ပြန်ခြင်း

(ဃ)    ရေဒီယိုအော်ပရေတာစာမေးပွဲစစ်ဆေးခြင်း။       အပြည်ပြည်ဆိုင်ရာ ကြေးနန်း                              ဆက်သွယ်ရေးအဖွဲ့ချုပ်(ITU)၏ ဆုံးဖြတ်ချက်၊ ပြဌာန်းချက်များနှင့်အညီ        နိုင်ငံတကာ                              အဆင့်အတန်းမီ ရေဒီယိုအော်ပရေတာ လက်မှတ်များ           ထုတ်ပေးခြင်း။

(င)    ရေဒီယိုလှိုင်းနှုန်းသတ်မှတ်ပေးခြင်းနှင့်ကြီးကြပ်ပေးခြင်း။      နိုင်ငံတော်အတွင်းရှိ ဌာနဆိုင်ရာ နှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ အသုံးပြုသော ဆက်သွယ်ရေး လွှင့်ဖမ်းစက်များ၏ရေဒီယိုလှိုင်းနှုန်းများကိုသတ်မှတ်ပေးခြင်း၊အိုင်တီယူမှသတ်မှတ်ပြဌာန်းချက် နှင့်အညီ ရေဒီယိုလှိုင်းများ မှတ်ပုံတင်ခြင်း၊ ညှိနှိုင်းပေးခြင်း၊ ခွင့်ပြုထားသော လှိုင်းနှုန်း များကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲမှု ရှိ / မရှိ စိစစ်ခြင်း၊ စက်မှုပိုင်းဆိုင်ရာ စံချိန်စံညွှန်းပြည့်မီရေးအတွက် ထိန်းကျောင်းပေး ခြင်းနှင့် လှိုင်းနှုန်းတိုင်းတာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည် တို့ကိုဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကို ဖွဲ့စည်းရခြင်းဖြစ်ပါသည်။

 

ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၏နောက်ခံသမိုင်းနှင့်လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ
၁။                နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သည် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သည်ဟု ခံယူထားသည်နှင့်အညီ ပြည်တွင်းရှိ ဆက်သွယ်ရေးနှင့်သတင်းနည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကို အသုံးပြု၍ပိုမို အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ICT ကဏ္ဍ တွင်ဒေသတွင်း နှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များ၌လည်း တိုးတက်ဆောင်ရွက် လျက်ရှိပါသည်။            

၂။                 နိုင်ငံတော်ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍအား ဥပဒေပိုင်းအရ ကြီးကြပ်ကွပ်ကဲ ပေးခြင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ အစည်းအဝေးများ၊ ညီလာခံများတွင် နိုင်ငံကိုယ်စား ပြုပေး ရသည့် အဖွဲ့အစည်းမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် စာတိုက်လုပ်ငန်းနှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများကို သီးခြားဌာနများဖြင့် ဆောင်ရွက်နေရာမှ ၁၉၆ဝ ပြည့်နှစ်တွင် စာတိုက်ဌာန (Department of Posts) နှင့်  ကြေးနန်းဌာန (Department of Telegraph)ဟူ၍ ဌာန(၂)ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။                 

၃။                 ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့စ၍ စာတိုက်နှင့် ကြေးနန်းဌာန ( Posts and Telegraph Department) အဖြစ် ပူးပေါင်းဖွဲ့စည်းကာ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။ ဌာနအကြီးအကဲမှာ ညွန်ကြားရေးမှူးချုပ်ကို စာတိုက်ညွှန်ကြားရေးမှူး (Director of Posts) နှင့် ကြေးနန်းဆက်သွယ်ရေး ညွှန်ကြားရေးမှူး (Director of Telecommunications) တို့က တိုက်ရိုက်တာဝန်ခံလျက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို စာတိုက်လုပ်ငန်း အတွက်တိုင်း (၁၁) တိုင်း၊ ကြိုးမဲ့ဆက်သွယ်ရေး တိုင်း (၂) တိုင်း၊ ကြေးနန်းဆက်သွယ်ရေး အတွက် တိုင်း (၃) တိုင်း သတ်မှတ်ပိုင်းခြားဆောင်ရွက်ခဲ့ပါသည်။                               

၎။                 တော်လှန်ရေးကောင်စီက ၁၈၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့၌ အုပ်ချုပ်ရေးစနစ်သစ် ဖော်ဆောင်ခဲ့စဉ် ယင်း အုပ်ချုပ်ရေး စနစ်သစ်နှင့်အညီ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန (Ministry of Transport and Telecommunications) ၏ အောက်တွင် ဆက်သွယ်ရေးဆိုင်ရာ ပြည်တွင်း ပြည်ပဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်လုပ်ထုံးလုပ်နည်း စသည်တို့ကို လိုက်နာစေရန် ထိန်းသိမ်း ကွပ်ကဲသည်အဖွဲ့အဖြစ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း (စာတိုက်/ ကြေးနန်း/ တယ်လီဖုန်း) လုပ်ကိုင်သည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်းဟူ၍ အဖွဲ့အစည်းနှစ်ရပ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေး တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတို့ကို ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက် နိုင်ရန်ရည်သန်လျက် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှစ၍ ယခင်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန (ယခု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန) ဟူ၍ ဝန်ကြီး ဌာန(၃)ခု အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ 

၅။                 ထိုစဉ်က ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန (ယခု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန)အောက်၌-
(က)ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
(ခ)မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(ဂ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟူ၍ဦးစီးဌာန (၂) ခုနှင့် လုပ်ငန်းအဖွဲ့အစည်း (၁) ခုထားရှိ ဆောင်ရွက်ခဲ့ပါသည်။ 
၆။                 ၁၉၉၉ ခုနှစ် သြဂုတ်လ (၂ဝ) ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ကိုလုပ်ငန်း သဘာဝအရ ပိုမိုသင့်လျော်မှုရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာန သို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

၇။                 နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သည် တစ်မျိုးသားလုံး၊တစ်နိုင်ငံလုံးဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သည်ဟု ခံယူထား သည်နှင့်အညီ ပြည် တွင်းရှိဆက်သွယ်ရေးနှင့်သတင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များကို ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကိုအသုံးပြု၍ ပိုမို အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ICTကဏ္ဍတွင်ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၌လည်းတိုးတက်ဆောင်ရွက်လျက်ရှိပါသည်။                    

၈။                 နိုင်ငံတော်ဆက်သွယ်ရေး နှင့် အိုင်စီတီကဏ္ဍအား ဥပဒေပိုင်းအရ ကြီးကြပ်ကွပ်ကဲ ပေးခြင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ အစည်းအဝေးများ၊ ညီလာခံများတွင် နိုင်ငံကိုယ်စားပြုပေး ရသည့် အဖွဲ့အစည်းမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနပင် ဖြစ်ပါသည်။

TV News

Date: Jun 06 Place: နေပြည်တော်

 

Services Information